Myanmar English Dictionary
Vowel 'A'
အ - အက - အကာ - အကု - အကူး - အကဲ - အကော် - အကိုး - အကောက် - အကိုက် - အကင် - အကင်း - အကောင် - အကောင်း - အကောင်း ဘ အကောင်း မ - အကိုင် - အကိုင်း - အကတ် - အကိတ် - အကန့် - အကန်း - အကုန် - အကပ် - အကယ် - အကျ - အကျား - အကျိ - အကျဲ - အကျော် - အကျိုး - အကျိုး စ အကျိုး ဆ - အကျိုး ထ - အကျိုး သ - အကျောက် - အကျင့် - အကျင့် ပ အကျင့် ဖ - အကျဉ် - အကျဉ်း - အကျဉ်း ဆ - အကျည်း - အကျိတ် - အကျန် - အကျပ် - အကျုံး - အကျယ် - အကြာ - အကြား - အကြီး - အကြေ - အကြေး - အကြော - အကြော ပ - အကြော် - အကြံ - အကြံ ပ - အကြံ မ - အကြံ အ - အကြို - အကြိုး - အကြောက် - အကြိုက် - အကြင် - အကြောင် - အကြောင့် - အကြောင်း - အကြောင်း စ အကြောင်း ဆ - အကြောင်း ပ - အကြောင်း မ - အကြောင်း ရ - အကြည် - အကြည့် - အကြတ် - အကြပ် - အကြမ်း - အကြမ်းပ အကြမ်းဖ - အကြိမ် - အကြိမ်း - အကွာ - အကွေး - အကွဲ - အကွက် - အကွက် စ အကွက် ဆ - အကွင်း - အကွယ် - အကျွေး - အကျွန် - အကျွမ်း - အကြွား - အကြွေ - အကြွေး - အကြွင်း - Back to Dictionary Main Menu-
အကဲ | a-keare3
(1) လုပ်နိုင်စွမ်း | loat-nine2-zoon3 - ability.
(2) အရည်အသွေး | a-keare3 - quality.
(3) အကြီးအကဲ | a-kji3-a-keare3 - chief. E.g., နိုင်ငံတော်အကြီးအကဲ | nine2-ngan2-dau2 a-kji3-a-keare3 - leader of the country.
(4) စိတ်ရင်း၊ စိတ်နေစိတ်ထား | sate-yin3, sate-nay2 sate-hta3 - attitude ([UK] ˈæt.ɪ.tʃuːd [US] ˈæt̬.ə.tuːd 🔊); temperament; disposition; personality; nature.
-
အကဲကိုင် | a-keare3 kine2 - ဟန်ကြီးပန်ကြီးလုပ်သည် | hun2-ji3 pan2-ji3 loat dthi2 - be haughty; put on airs; act superior.
-
အကဲကြည့် | a-keare3-kji1; a-keare3-ji1
(1) a-keare3-kji1 - ကင်းစောင့်သည် | kin3 soun1 dthi2 - be on the lookout; observe.
(2) a-keare3-ji1 - ကင်းသမား | kin3 dtha1-ma3 - a guard in the army on duty; artillery observer.
-
အကဲကြည့်စခန်း | a-keare3-kji1 sa1-khan3 - ကာကင်းစခန်း | ka2-kin3 sa1-khan3 - military outpost (ˌmɪləˈtɛri ˌaʊtˈpoʊst 🔊); ကင်းစခန်း | kin3 sa1-khan3 - observation post (ɑːb.zɚˈveɪ.ʃən ˌpoʊst 🔊).
-
အကဲခတ် | a-keare3-khut - observe a person or situation to determine the true nature or disposition.
-
အကဲစမ်း | a-keare3 sun3 - test the capability of someone.
-
အကဲဆတ် | a-keare3-hsut - be oversensitive; be touchy; be feisty (touchy); be thin-skinned.
-
အကဲပါ | a-keare3-pa2
(1) မကြည်ဖြူစွာ လုပ်ဆောင်သည် | ma1-kji2-byu2 zwa2 loat-hsoun2 dthi2 - be grudging.
(2) သွေးကြီးသည်၊ ဟန်ကြီးပန်ကြီးနှင့် အပေါ်စီးမှ ပြုမူလုပ်ဆောင်သည် | thway3 kji3 dthi2, hun2-ji3 pan2-ji3 hnin1 a-pau2-zi3 hma1 pyu1-mu2 loat-hsoun2 dthi2 - be lofty; be haughty; be snobbish; be snooty.
-
အကဲဖြတ် | a-keare3-pfyut - appraise; evaluate; assess.
-
အကဲဖြတ်ခြင်း | a-keare3-byut jin3 - making an assessment, appraisal or evaluation.
-
အကဲဖြတ်ဆပ်အား | a-keare3-byut hsut-ah3 - credit rating (ˈkred.ɪt ˌreɪ.t̬ɪŋ 🔊).
-
အကဲဖြတ်ဒိုင် | a-keare3-byut dine2
အကဲဖြတ်လူကြီး | a-keare3-byut lu2-ji3 - judge (ˈjəj 🔊) in a contest.
-
အကဲမရ | a-keare3 ma1-ya1 - မသင်္ကာဖြစ်သည် | ma1-thin2-ga2 pfyit dthi2 - be doubtful; be suspicious; စိတ်ထင့်သည် | sate htin1 dthi2 - be worried (ˈwʌrid 🔊); feel uneasy; have misgivings; have a sinking feeling.
-
အကဲမလှ | a-keare3 ma1-hla1 - အခြေအနေဆိုးသည် | a-chay2 a-nay2 hso3 dthi2 - future prospects to be unfavorable; be unpromising.
-
အကဲရောက် | a-keare3-yout - အရေးစိုက်စရာဖြစ်သည် | a-yay3-site sa1-ya2 pfyit dthi2 - be consequential; be important.
-
အကဲအလေး | a-keare3 a-lay3 - စိတ်နေသဘောထား | sate-nay2 dtha1-bau3-da3 - mood; disposition.
-
အကောအဝှမ်း | a-kau3 a-whun3 - မြေအနိမ့်အမြင့် | myay2 a-nain1 a-myin1 - hills and valleys of the terrain.
-
အကော်ကြံ | a-kau2 kjan2 - “ကော်”အောင် (အမြတ်ထွက်အောင်) ကြံစည်သည် | “kau2” oun2 (a-myut htwet oun2) kjan2-zi2 dthi2 - make an attempt for a big win or a triumph.
-
အကော်ဆိုက် | a-kau2 hsite - “ကော်” (အမြတ်ထွက်)သွားသည် | “kau2” (a-myut htwet) thwa3 dthi2 - get a windfall (ˈwin(d)-ˌfȯl 🔊).
-
အကော်ဒီယံ | a-kau2 da1-yan2 - [English] accordion (əˈkɔːr.di.ən 🔊).
-
အကော်ဒီယံအုန်းကျော် | a-kau2 da1-yan2 ome3-jau2 - Accordian Ohn Kyaw, Myanmar musician and composer who performed with an accordian.
-
အကော်အကတ် | a-kau2 a-kut - ကတ်သီးကတ်သတ် ငြင်းခုံမှု | kut-thi3 kut-thut nyin3-khone2-hmu1 a faultfinding quibble.
-
အကို | a-ko2 - misspelling of အစ်ကို | a-ko2 - elder brother (ˈɛldər brʌðər 🔊).
-
အကိုး | a-ko3
အကိုးအကား | a-ko3 a-ka3
အကိုးအထောက် | a-ko3 a-htout - reference. Note: အကိုးအကား | a-ko3 a-ka3 is more commonly used.
