Myanmar English Dictionary
Vowel 'A'
အ - အက - အကာ - အကု - အကူး - အကဲ - အကော် - အကိုး - အကောက် - အကိုက် - အကင် - အကင်း - အကောင် - အကောင်း - အကောင်း ဘ အကောင်း မ - အကိုင် - အကိုင်း - အကတ် - အကိတ် - အကန့် - အကန်း - အကုန် - အကပ် - အကယ် - အကျ - အကျား - အကျိ - အကျဲ - အကျော် - အကျိုး - အကျိုး စ အကျိုး ဆ - အကျိုး ထ - အကျိုး သ - အကျောက် - အကျင့် - အကျင့် ပ အကျင့် ဖ - အကျဉ် - အကျဉ်း - အကျဉ်း ဆ - အကျည်း - အကျိတ် - အကျန် - အကျပ် - အကျုံး - အကျယ် - အကြာ - အကြား - အကြီး - အကြေ - အကြေး - အကြော - အကြော ပ - အကြော် - အကြံ - အကြံ ပ - အကြံ မ - အကြံ အ - အကြို - အကြိုး - အကြောက် - အကြိုက် - အကြင် - အကြောင် - အကြောင့် - အကြောင်း - အကြောင်း စ အကြောင်း ဆ - အကြောင်း ပ - အကြောင်း မ - အကြောင်း ရ - အကြည် - အကြည့် - အကြတ် - အကြပ် - အကြမ်း - အကြမ်းပ အကြမ်းဖ - အကြိမ် - အကြိမ်း - အကွာ - အကွေး - အကွဲ - အကွက် - အကွက် စ အကွက် ဆ - အကွင်း - အကွယ် - အကျွေး - အကျွန် - အကျွမ်း - အကြွား - အကြွေ - အကြွေး - အကြွင်း - Back to Dictionary Main Menu-
အကြောင်းပါ | a-kjoun3 pa2
(1) အိမ်ထောင်ဖက်အဖြစ်သို့ ရောက်ရှိသည် | ain2-doun2-bet a-pfyit dtho1 yout-shi1 dthi2 - be married (ˈmɛrid 🔊). [Also အကြောင်းမျှ | a-kjoun3 hmya1; အကြောင်းသင့် | a-kjoun3 thin1.]
(2) ကံဇာတာပါသည် | kun2 za2-ta2 pa2 dthi2 - be fated or destined; meant to be.
-
အကြောင်းပြ | a-kjoun3 pya1
(1) ဖြစ်ရခြင်းအကြောင်းကို ရှင်းလင်းတင်ပြသည် | pfyit ya1 jin3 a-kjoun3 go2 shin3-lin3 tin2-pya1 dthi2 - explain the reason.
(2) ဆင်ခြေဆင်လက်ပေးသည် | hsin2-jay2 hsin2-let pay3 dthi2 - give an excuse; convince someone.
(3) စွမ်းပကား ထုတ်ပြသည် | soon3-ba1-ga3 htoat pya1 dthi2 - display show of force.
(4) ရမယ်ရှာ၊ မတရား အင်အားသုံးတိုက်ခိုက်ပြီးနောက် ဆင်ခြေမျိုးစုံပေးသည် | ya1-meare2-sha2 ma1-ta1-ya3 in2-ah3-thone3 tite-khite pyi3 nout hsin2-jay2 myo3-zone2 pay3 dthi2 - justify the use of force.
-
အကြောင်းပြချက် | a-kjoun3-pya1 jet - ရမယ်ရှာ အကြောင်းပြသည့် အချက်အလက် | ya1-meare2-sha2 a-kjoun3-pya1 dthi1 a-chet a-let - pretext.
-
အကြောင်းပြပုဒ် | a-kjoun3-pya1 poat - a type of word called ဝိဘတ်သွယ်ပုဒ် | we1-but-thweare3 poat with postpositional marker attached as a suffix to show reason or cause. E.g., အထည်များလည်း မိုးကြောင့် စိုရွှဲကုန်လေပြီတကား။
-
အကြောင်းပြသမ္ဗန္ဓ | a-kjoun3-pya1 thun2-bun2-da1 - a type of conjunction that shows the reason for the situation such as "on account of", "because of", "due to", "the reason being that". Listing: ၍၊ နှင့်၊ သောကြောင့်၊ သဖြင့်၊ လို့၊ ထို့ကြောင့်၊ သို့ဖြစ်၍၊ အဘယ်ကြောင့်ဆိုသော်. E.g., အသံကြားသည်နှင့် အိပ်ရာကနိုးလာသည်.
-
အကြောင်းပြု | a-kjoun3 pyu1 - အကြောင်းတစ်ခုခုကို အခြေခံကာ ပြုမူပြောဆိုသည် | a-kjoun3 ta1-khu1-gu1 go2 a-chay2 khan2 ga2 pyu1-mu2 pyau3-hso2 dthi2- say or act, in reference to or based on something.
-
အကြောင်းပြန် | a-kjoun3 pyan2
(1) ပြန်ကြားသည် | pyan2-kja3 dthi2 - reply to query; respond.
(2) ဇာတ်ကြောင်းပြန်သည် | zut-kjoun3-pyan2 dthi2 - retell the story about the past; flash back (flæʃ bæk 🔊).
