Myanmar English Dictionary
Vowel 'A'
အခ - အခ စ - အခ အ အခါ - အခါ မ - အခါး အခု - အခဲ - အခေါ် - အခံ - အခံ့ - အခိုး - အခက် - အခေါက် - အခိုက် - အခင်း - အခေါင်း - အခိုင် - အခတ် - အခန့် - အခန်း - အခမ်း - အခုံး - အချ - အချီး - အချေ - အချော - အချို - အချို ပ - အချို့ အချိုး - အချိုး ည - အချက် - အချက်အလက် - အချင့် - အချင်း ပ - အချောင် - အချိုင့် - အချစ် - အချဉ် - အချည်း - အချိတ် - အချိန် - အချိန် စ - အချိန် တ - အချိန် န အချိန် ပ - အချိန် မ - အချိန်မီ - အချိန် ရ - အချိန်း - အချပ် - အချုပ် - အချုပ် အ - အချမ်း - အခြား - အခြေခံ စ - အခြေခံ အ - အခြေချ - အခြေ အ - အခြောက် - အခြင်း - အခြမ်း - အခွ - အခွဲ - အခွံ - အခွင် အခွင့် - အခွင့် သ - အခွန် - အချွေ - အခြွေ - အဂတိ - အဃောသ - အငူ - အငံ့ - အငိုက် - အငတ် - အငန်း - အငမ်း - အငုံ - အငယ် - အငြိ - အငြင်း - အငြိမ် - အငြိမ်းစား - အငွေ့ - အငှား - Back to Dictionary Main Menu-
အခစား | a-kha1 za3 - wage earner (ˈweɪdʒ ˌɝː.nɚ 🔊), who is earning wages on a daily basis, as opposed to a salaried employee with ပုံသေလစာ | pone2-dthay2 la1 za2 - a fixed salary. [Also see နေ့စား | nay1-za3; လက်လုပ်လက်စား | let-loat let-sa3.]
-
အခစားဝင် | a-kha1 za3 win2 - ဘုရင့်ထံပါး ခစားရန် လာရောက်သည် | ba1-yin1 htan2-ba3 kha1 za3 yan2 la2-yout dthi2 - enter the royal palace to serve and tend to the need of the king.
-
အခမဲ့ | a-kha1 meare1; a-kha1 meare1 - free of charge. As ကြိယာဝိသေသန | ka1-ri1-ya2 we1-thay2-tha1-na1 - an adverb before ကြိယာ | ka1-ri1-ya2 - a verb, you can get or give something free of charge, e.g., အခမဲ့ပေးသည် | a-kha1 meare1 pay3 dthi2. As နာမဝိသေသန | na2-ma1 we1-thay2-tha1-na1 - an adjective, နာမ် | nun2 - a noun may follow, such as အခမဲ့ အွန်လိုင်း မြန်မာ-အင်္ဂလိပ် အဘိဓာန် | a-kha1 meare1 oon2-line3 myan2-ma2 in3-ga1-late a-be1-dun2 - free online Myanmar-English dictionary.
-
အခမဲ့မသင်မနေရ မူလတန်းပညာရေးစနစ် | a-kha1 meare1 ma1-thin2 ma1-nay2-ya1 mu2-la1 dun3 pyin2-nya2-yay3 sa1-nit - free and compulsory elementary education or primary education system.
-
အခရာ | a-kha1-ya2
(1) အရေးကြီးဆုံးသော အဓိကအချက် | a-yay3-kji3-zone3 dthau3 a-de1-ka1 a-chet - the most important point; crux of the matter.
(2) ခရာတာတာ၊ တီတီတာတာ ပြုမူပြောဆိုခြင်း | kha1-ya2 ta2-ta2, ti2-ti2 ta2-ta2 pyu1-mu2 pyau3-hso2 jin3 - pleasant, cute and adorable manner.
(3) same as ခရာ | kha1-ya2 - အချိန်အတိုင်းအတာ | a-chain2 a-tine3 a-ta2 - time measurement equivalent to a hundred ခဏ | kha1-na1 - for a while, or ten လယ | la1-ya1. [Note: လယ | la1-ya1 is a measure of time လက်ဖျစ် ဆယ်တွက် တီးချိန်နှင့် တူညီသည် | let-pfyit hseare2-dwet ti3 jain2 hnin1 tu2-nyi2 dthi2 - equivalent to ten finger snaps.
-
အခရာကျသည့် ပုဂ္ဂိုလ် | a-kha1-ya2 kja1 dthi1 poat-go2 - a linchpin, central figure or key person who is like a ပေါင်းကူးကျောက် | poun3-gu3 kjout - keystone (ˈkē-ˌstōn 🔊) that holds everything together.
-
အခအယ | a-kha1 a-ya1 - ခခယယ ခစားခြင်း | kha1 kha1 ya1 ya1 kha1 za3 jin3 - humble attendance, the act of attending and serving someone, or wait on someone with respect.
