Myanmar English Dictionary
Vowel 'A'
အခ - အခ စ - အခ အ အခါ - အခါ မ - အခါး အခု - အခဲ - အခေါ် - အခံ - အခံ့ - အခိုး - အခက် - အခေါက် - အခိုက် - အခင်း - အခေါင်း - အခိုင် - အခတ် - အခန့် - အခန်း - အခမ်း - အခုံး - အချ - အချီး - အချေ - အချော - အချို - အချို ပ - အချို့ အချိုး - အချိုး ည - အချက် - အချက်အလက် - အချင့် - အချင်း ပ - အချောင် - အချိုင့် - အချစ် - အချဉ် - အချည်း - အချိတ် - အချိန် - အချိန် စ - အချိန် တ - အချိန် န အချိန် ပ - အချိန် မ - အချိန်မီ - အချိန် ရ - အချိန်း - အချပ် - အချုပ် - အချုပ် အ - အချမ်း - အခြား - အခြေခံ စ - အခြေခံ အ - အခြေချ - အခြေ အ - အခြောက် - အခြင်း - အခြမ်း - အခွ - အခွဲ - အခွံ - အခွင် အခွင့် - အခွင့် သ - အခွန် - အချွေ - အခြွေ - အဂတိ - အဃောသ - အငူ - အငံ့ - အငိုက် - အငတ် - အငန်း - အငမ်း - အငုံ - အငယ် - အငြိ - အငြင်း - အငြိမ် - အငြိမ်းစား - အငွေ့ - အငှား - Back to Dictionary Main Menu-
အခံ | a-khan2
(1) အခြေခံ အုတ်မြစ် | a-chay2-gun2, oat-myit - base; foundation.
ရောဂါအခံ | yau3-ga2 a-khan2 - underlying health conditions.
(2) အောက်တွင်ခံထားရန် သုံးသောအရာ | out dwin2 khan2 hta3 yan2 thone3 dthau3 a-ya2 - support; cushion; pad, saucer (ˈsȯ-sər 🔊), etc..
(3) လက်ဖွဲ့၊ ပယောဂ အဆောင်အယောင် | let-pfweare1, pa1-yau3-ga1 a-hsoun2-a-youn2 - amulet (ˈæm.jə.lət 🔊); talisman (ˈtalɪzmən 🔊); charm; lucky charm (ˌlʌk.i ˈtʃɑːrm 🔊).
-
အခံကာရန် | a-khan2 ka2-yan2 - a word that a rhyming word is based on.
-
အခံခက် | a-khan2 khet
အခံရခက် | a-khan2 ya1 khet - be difficult to bear (accept), usually to the verbal insult.
-
အခံဆေး | a-khan2 hsay3
(1) အောက်ခံသုတ်သည့် သုတ်ဆေး | out-khan2 thoat-dthi1 thoat hsay3 - undercoat; preliminary layer of paint (ˈpānt 🔊).
(2) လက်ဖွဲ့၊ ပယောဂ အဆောင်အယောင် | let-pfweare1, pa1-yau3-ga1 a-hsoun2-a-youn2 - talisman (ˈtalɪzmən 🔊); amulet (ˈæm.jə.lət 🔊); charm (tʃɑrm 🔊).
-
အခံဓာတ် | a-khan2 dut - အာရုံခံအင်္ဂါ | ah2-yone2-gun2 in2-ga2 - one of the five sense organs (sɛns ˌɔrgən 🔊): မျက်စိ | myet-si1 - eyes (ˈī 🔊), နား | na3 - ears (ˈir 🔊), လျှာ | sha2 - tongue (tʌŋ 🔊), နှာခေါင်း | hna1-khoun3 - nose (noʊz 🔊), အရေပြား | a-yay2-bya3 - skin (ˈskin 🔊). [Also အကြည်ဓာတ် | a-kji2-dut.]
-
အခံရတု | a-khan2 ya1-tu1 - the original base poem ရတု | ya1-tu1 to which အလိုက်ရတု | a-lite ya1-tu1 is added at a later time.
-
အခံ့စား | a-khan1-za3
အခံ့သား | a-khan1-dtha3 - in a stately manner like a royalty (ˈrɔɪ.l.ti 🔊); in style; in a stylish manner. [Also အစွေ့သား | a-sway1-dtha3.]
-
အခံ့သုံး | a-khan1 thone3 - စာစကား | sa2-za1-ga3 - formal written language; literary form, that is counterpart of အရပ်သုံးစကား | a-yut-thone3 za1-ga3 - colloquial language; informal spoken language.
