Myanmar English Dictionary
Vowel 'A'
အခ - အခ စ - အခ အ အခါ - အခါ မ - အခါး အခု - အခဲ - အခေါ် - အခံ - အခံ့ - အခိုး - အခက် - အခေါက် - အခိုက် - အခင်း - အခေါင်း - အခိုင် - အခတ် - အခန့် - အခန်း - အခမ်း - အခုံး - အချ - အချီး - အချေ - အချော - အချို - အချို ပ - အချို့ အချိုး - အချိုး ည - အချက် - အချက်အလက် - အချင့် - အချင်း ပ - အချောင် - အချိုင့် - အချစ် - အချဉ် - အချည်း - အချိတ် - အချိန် - အချိန် စ - အချိန် တ - အချိန် န အချိန် ပ - အချိန် မ - အချိန်မီ - အချိန် ရ - အချိန်း - အချပ် - အချုပ် - အချုပ် အ - အချမ်း - အခြား - အခြေခံ စ - အခြေခံ အ - အခြေချ - အခြေ အ - အခြောက် - အခြင်း - အခြမ်း - အခွ - အခွဲ - အခွံ - အခွင် အခွင့် - အခွင့် သ - အခွန် - အချွေ - အခြွေ - အဂတိ - အဃောသ - အငူ - အငံ့ - အငိုက် - အငတ် - အငန်း - အငမ်း - အငုံ - အငယ် - အငြိ - အငြင်း - အငြိမ် - အငြိမ်းစား - အငွေ့ - အငှား - Back to Dictionary Main Menu-
အချ | a-cha1
(1) ပစ္စည်းတစ်ခုခုကို အောက်သို့ချခြင်း | pyit-si3 ta1-khu1-gu1 go2 out dtho1 cha1 jin3 - the act of putting something down, such as unloading goods from a truck (ˈʌnˌloʊd 🔊).
(2) ကဗျာ သို့မဟုတ် သီချင်း၏ နောက်ဆုံး အပိုဒ် | ga1-bya2 dtho1 ma1-hote tha1-chin3 e1 nout-hsone3 a-pike - ending stanza of a poem or ending line of a song.
-
အချာ | a-cha2
(1) အလယ်ကောင်၊ ဗဟိုချက်ကျသည့်နေရာ | a-leare2-goun2, ba1-ho2-jet kja1 dthi1 nay2-ya2 - center; hub. E.g., အချက်အချာကျသော | a-chet a-cha2 kja1 dthau3 - strategic; central.
(2) အခရာကျသည့် ပုဂ္ဂိုလ် | a-kha1-ya2 kja1 dthi1 poat-go2 - a linchpin, central figure or key person who is like a ပေါင်းကူးကျောက် | poun3-gu3 kjout - keystone (ˈkē-ˌstōn 🔊) that holds everything together.
(3) ပင်လယ်ကူး | pin2-leare2 gu3
(1) စိပ်ပုတီး၏ ခေါင်းပိုင်းနှင့် အမြီးပိုင်း ဆက်ထားသည့်နေရာ | sate ba1-de3 e1 goun3-bine3 hnin1 a-myi3-bine3 hset-hta3-dthi1 nay2-ya2 - head of rosary (ˈroʊ.zɚ.i 🔊), a string of beads where two ends are joined.
-
အချိ | a-chi1 - [archaic] အမြောက်အမြားရှိသော | a-myout a-mya3 shi1 dthau3 - multiple; manifold; various; numerous. [Note: English words are adjectives but အချိ | a-chi1 is taken as a noun like အမြောက်အမြား | a-myout a-mya3.]
-
အချီ | a-chi2
(1) အပေါ်သို့ ပင့်တင်ခြင်း | a-pau2 dtho1 pin1 tin2 jin3 - lifting (ˈlɪftɪŋ 🔊); hoisting (hɔɪst 🔊); act of raising something up (ˈrāz 🔊).
(2) ကဗျာ သို့မဟုတ် သီချင်း၏ အစပိုင်း | ga1-bya2 dtho1 ma1-hote tha1-chin3 e1 a-sa1 bine3 - beginning of a poem or a song; prelude.
(3) အကြိမ် | a-kjain2 - number of times.
-
အချီတီးလုံး | a-chi2 ti3-lone3 - musical prelude (ˈprel-ˌyüd 🔊).
-
အချီတော် | a-chi2-dau2 - နန်းတွင်း ကလေးထိန်း | nun3-dwin3 kha1-lay3 dain3 - royal nanny (ˈna-nē 🔊).
-
အချီအချ | a-chi2 a-cha1 - (1) တစ်လှည့်စီ | ta1-hleare1-zi2 - alternatively. (2) အချေအတင် (ငြင်းခုံ) | a-chay2 a-tin2 (nyin3-khone2) -frantically; intensely (argue).
-
အချီး | a-chi3 - မိတ်ဆက်စကား | mate-hset za1-ga3 - preface (ˈpre-fəs 🔊) written by the author; foreward, a recommendation written by someone about the book; introduction, which introduces the main topic.
-
အချီးစကား | a-chi3 za1-ga3 - prologue; introductory speech; opening speech.
