Myanmar English Dictionary
Vowel 'A'
အတာ - အတား အတိ - အတီး အတု အတူ - အတေ - အတော အတော် - အတံ - အတို အတို့ အတိုး အတက် - အတိုက် - အတင် - အတင်း အ - အတောင် - အတောင့် - အတိုင် အတိုင်း - အတစ် - အတည်ပြု - အတတ် - အတိတ် ပ - အတန် - အတန်း - အတပ် - အတိမ်း - အတုံ့ - အတုံး - အတွေ - အတွေ့အကြုံ န - အတွေး - အတွဲ - အတွက် - အတွင် - အတွင်း - အတွင်း စ - အတွင်း တ - အတွင်း ပ - အတွင်း ရ အတွင်း လ - အတွင်း ဝ အတွင်း သ - အတွန့် - အတွယ် - အထ အထာ - အထား အထိ - အထီး အထု - အထူ အထူး - အထူး စ - အထူး တ အထူး ထ - အထေ့ - အထဲ - အထံ - အထက် - အထက် ပ - အထောက် - အထိုက် - အထင် - အထင် အ - အထိုင် - အထစ် - အထည် - အထိတ် - အထိန်း - အထပ် - အထုပ် - အထမ်း - အထိမ်း - အထုံ - အထုံး - အထွာ - အထွေထွေ ရ - အထွေထွေ အ - အထွေး - အထွက် - အထွတ် - အဒ - အဓ္ဓမ - အဓလေ့ - အဓိက - အဓိဋ္ဌာန် - အဓိပ္ပာယ် - အဓိပ္ပာယ် မ - အဓိပ္ပာယ် ရ - အဓွန့်ရှည် Back to Dictionary Main Menu-
အတိုင် | a-tine2
(1) သံချပ်ထိုးရာတွင် အစချီပြီး ဦးဆောင်သီဆိုသူ | thun2-jut hto3 ya2 dwin2 a-sa1 chi2 pyi3 u3-hsoun2 thi2-hso2 dthu2 - lead vocalist (ˈvoʊkələst 🔊) in သံချပ် | thun2-jut - traditional antiphony whose chants are တုံ့ပြန်ဟစ်ကြွေးကြသည် | tone1-pyan2 hit-kjway3 ja1 dthi2 - responded by အဖောက် | a-pfout - antiphony chant (an-ˈti-fə-nē ˈchant 🔊), chorus (ˈkȯr-əs 🔊). [Watch this video.]
(2) ရွက်တိုင် | ywet-tine2 - mast (ˈmast 🔊).
(3) ခိုင်းနွား၊ ခိုင်းကျွဲ | khine3-nwa3, khine3-kjweare3 - [UK] draught animals (drɑːft 🔊) [US] draft animal on the လက်ဝဲ (ဘယ်ဘက်) | let-weare3 (beare2-bet) - left side of a နွားလှည်း | nwa3-hleare3 - bullock cart (ˈbʊl.ək kɑːrt 🔊).
(4) လက်ဝဲ (ဘယ်ဘက်) | let-weare3 (beare2-bet) - left side of a ထမ်းပိုးတုံး | da1-bo3 dome3 - yoke (ˈyōk 🔊) သို့မဟုတ် | dtho1 ma1-hote - or ထယ် | hteare2 - [UK] plough (plaʊ 🔊) [US] plow.
(5) တိုင်ချည် | tine2-ji2 - warp (ˈwȯrp 🔊), yarn (ˈyärn 🔊) အလျားလိုက် စီတန်းသည် | a-lya2-lite si2-tan3 dthi2 - arranged lengthways on a ရက်ကန်း | yet-kun3 - loom (lum 🔊), as opposed to အဖောက် | a-pfout or ဖောက်ချည် | pfout chi2 - weft (ˈweft 🔊) woven across it.
(6) တာတစ်ထောင် (နှစ်မိုင်ခန့်) ရှိသော အကွာအဝေး | ta2 ta1-htoun2 (hna1-mine2) khan1 shi1 dthau3 a-kwa2 a-way3 - distance of one thousand တာ | ta2 or about two miles.
(7) ဘုရင့်လက်ထက်က ကျေးရွာအဆင့် အခွန်ကောက်သူ | ba1-yin1 let-htet ga1 kjay3-ywa2 a-hsin1 a-khoon2-kout dthu2 - village level tax collector during monarchical times.
-
အတိုင်ပင်ခံ | a-tine2-bin2-gun2 - adviser; advisor; consultant.
-
အတိုင်ပင်ခံပုဂ္ဂိုလ် | a-tine2-bin2-gun2 poat-go2 - [US] counselor; [UK] counsellor.
-
အတိုင်အတော | a-tine2 a-tau3 - တိုင်တောမှု၊ တိုင်တန်းမှု | tine2-tau3-hmu1, tine2-tan3-hmu1 - complaint.
-
အတိုင်အတောထူ | a-tine2 a-tau3 htu2 - တိုင်တန်းမှုများ အလွန်အကျွံပြုလုပ်သည် | tine2-tan3-hmu1 mya3 a-loon2 a-kjoon2 pyu1-loat dthi2 - make too many complaints. ထူ | htu2 is thick. So, if the complaints are to be written on the paper, they will stack up very thick.
-
အတိုင်အဖောက် | a-tine2 a-pfout
(1) ရက်ကန်း၏ တိုင်ချည်နှင့် ဖောက်ချည် | yet-kun3 e1 tine2-ji2 hnin1 pfout chi2 - warp and weft on a ရက်ကန်း | let-yet-kun3 - loom (lum 🔊).
(2) သံချပ်ထိုးခြင်း | thun2-jut hto3 jin3 - antiphony of a lead singer and chorus.
-
အတိုင်အဖောက်ညီ | a-tine2 a-pfout nyi2
(1) တိုင်ချည်နှင့် ဖောက်ချည်ညီညာသည် | tine2-ji2 hnin1 pfout chi2 nyi2-nya2 dthi2 - warp and weft to be evenly spaced.
(2) သံချပ်ထိုးကြရာတွင် အတိုင်နှင့် အဖောက် စည်းဝါးကိုက်ပြီး ညီညာသည် | thun2-jut hto3 ja1 ya2 dwin2 a-tine2 hnin1 a-pfout si3-wa3 kite pyi3 nyi2-nya2 dthi2 - antiphony to be performed in the right timing and sounds hamonious.
(3) အချင်းချင်း ညီညွတ်သင့်မြတ်သည် | a-chin3-jin3 nyi2-nyoot thin1-myut dthi2 - people to get along well and live harmoniously.
