Myanmar English Dictionary
Vowel 'A'
အတာ - အတား အတိ - အတီး အတု အတူ - အတေ - အတော အတော် - အတံ - အတို အတို့ အတိုး အတက် - အတိုက် - အတင် - အတင်း အ - အတောင် - အတောင့် - အတိုင် အတိုင်း - အတစ် - အတည်ပြု - အတတ် - အတိတ် ပ - အတန် - အတန်း - အတပ် - အတိမ်း - အတုံ့ - အတုံး - အတွေ - အတွေ့အကြုံ န - အတွေး - အတွဲ - အတွက် - အတွင် - အတွင်း - အတွင်း စ - အတွင်း တ - အတွင်း ပ - အတွင်း ရ အတွင်း လ - အတွင်း ဝ အတွင်း သ - အတွန့် - အတွယ် - အထ အထာ - အထား အထိ - အထီး အထု - အထူ အထူး - အထူး စ - အထူး တ အထူး ထ - အထေ့ - အထဲ - အထံ - အထက် - အထက် ပ - အထောက် - အထိုက် - အထင် - အထင် အ - အထိုင် - အထစ် - အထည် - အထိတ် - အထိန်း - အထပ် - အထုပ် - အထမ်း - အထိမ်း - အထုံ - အထုံး - အထွာ - အထွေထွေ ရ - အထွေထွေ အ - အထွေး - အထွက် - အထွတ် - အဒ - အဓ္ဓမ - အဓလေ့ - အဓိက - အဓိဋ္ဌာန် - အဓိပ္ပာယ် - အဓိပ္ပာယ် မ - အဓိပ္ပာယ် ရ - အဓွန့်ရှည် Back to Dictionary Main Menu-
အတတ် | a-tut
(1) တတ်မြောက်ခြင်း | tut-myout jin3 - skill; capability; know-how; အတတ်ပညာ၊ နည်းပညာ၊ စက်မှုလက်မှု၊ အနုသုခုမပညာ | a-tut pyin2-nya2, ni3 pyin2-nya2, set-hmu1 let-hmu1 a-nu1 thu1-khu1-ma1 pyin2-nya2 - art; craft; technique.
(2) ပြုခြင်း၊ အပြု | pyu1 jin3, a-pyu1 - action.
-
အတတ်ဆန်း | a-tut hsun3; a-tut-hsun3
(1) a-tut hsun3 - အထူးအဆန်းလုပ်သည် | a-htu3 a-hsun3 loat dthi2 - do something odd and strange.
(3) a-tut-hsun3 - တမူထူးခြားသော | ta1-mu2 htu3-cha3 dthau3 - bizarre; peculiar; unusual.
-
အတတ်နိုင်ဆုံး | a-tut-nine2-zone3 - to one's utmost capability. E.g., အတတ်နိုင်ဆုံး ကူညီ | a-tut-nine2-zone3 ku2-nyi2 - help someone as much as possible.
-
အတတ်ပညာ | a-tut pyin2-nya2
(1) နည်းပညာ၊ စက်မှုလက်မှုပညာ | ni3 pyin2-nya2, set-hmu1 let-hmu1 pyin2-nya2 - technical skill; craft.
(2) အနုသုခုမပညာ | a-nu1 thu1-khu1-ma1 pyin2-nya2 - fine arts (ˌfaɪn ˈɑːrt 🔊).
(3) ဗဟုသုတ၊ အသိပညာ | ba1-hu1 thu1-ta1, a-thi1 pyin2-nya2 - education; knowledge.
-
အတတ်ပညာရှင် | a-tut pyin2-nya2-shin2 - technocrat; expert; intelligentsia (intellectuals as a group).
-
အတတ်သင်ကျောင်း | a-tut-thin2 kjoun3 - vocational training school (voʊˈkeɪʃɪnəl 🔊); technical school; technical institute.
-
အတိတ် | a-tate - (1) the past; bygone days. (2) sign; omen.
-
အတိတ်ကာလ | a-tate ka2-la1
- [literary] past.
-
အတိတ်ကာလပြ ကြိယာဝိဘတ် | a-tate ka2-la1 pya1 ka1-ri1-ya2 we1-but — verb-suffix that shows past tense. E.g., မောင်ဘသည် လွန်ခဲ့သောအပတ်က မန္တလေးသို့ သွားသည် | moun2-ba1 dthi2 loon2-kheare1-dthau3 a-pup ga1 mun3-da1-lay3 dtho1 thwa3 dthi2 - Maung Ba went to Mandalay last week. The last word dthi2 by itself does not directly indicate the past untill the noun indicating the past such as "last week" is added.
-
အတိတ်ကောက် | a-tate kout - အတိတ်နိမိတ်ဖတ်သည် | a-tate na1-mate pfut dthi2 - interpret omen.
-
အတိတ်စိမ်း | a-tate sain3 - ၃၆-ကောင်ထီတွင် ပေါက်မည့်အကောင်ကို အထင်အရှားပြသော အတိတ်နိမိတ် | thone3-zeare1-chout koun2 hti2 dwin2 pout-myi1 a-koun2 go2 a-htin2 a-sha3 pya1 dthau3 a-tate na1-mate - unmistakable omen, such as မကြာသေးမီက မက်သော အိပ်မက် | ma1-kja2-thay3 mi2 ga1 met dthau3 ain2-met - a recent dream indicating the winning figure in ၃၆-ကောင် ထီ | thone3-zeare1 chout-koun2 hti2 - 36-figure lottery (lɑdəri 🔊) - အကောင် သုံးဆယ့်ခြောက်ကောင် ပုံပါသည့် ရုပ်ကားချပ် သုံးဆယ့်ခြောက်ချပ်ထဲမှ တစ်ချပ်ပေါက်သည့်ထီ | a-koun2 thone3-zeare1 chout-koun2 pone2 pa2-dthi1 yoat ka3-jut thone3-zeare1 chout jut hteare3 hma1 ta1-chut pout dthi1 hti2 - a lottery featuring 36 figures, most of them animals with probability, 2.78% or 0.0278 chance of winning.
-
အတိတ်ဆောင် | a-tate hsoun2 - အတိတ်တွင် ဖြစ်ခဲ့သည့် အကြောင်းအရာကို ပြန်လည်စဉ်းစား ထုတ်ဖော်သည် | a-tate dwin2 pfyit kheare1 dthi1 a-kjoun3 a-ya2 go2 pyan2-leare2 sin3-za3 htoat-pfau2 dthi2 - recall the past.
-
အတိတ်နိမိတ် | a-tate na1-mate - portent; omen; augury; presage; sign; prognostication.
