Myanmar English Dictionary
Vowel 'OME'
ပုဏ် ပုန် ပုန်း ပုံ ပုံက - ပုံစ - ပုဆ - ပုံတ - ပုံန ပုံပ - ပုံမ - ပုံယ ပုံရ - ပုံဝ ပုံသ - ပုံအ ပုံ့ ပုံး ပုလ်း ပြုန်း ပြုံ ပြုံး ဖုန် ဖုန်း ဖုံ ဖုံး - ဖုံးဖ - ဖုံးအ ဖြုန်း ဖြုန်းက - ဖြုံ ဗုန်း ဗုံ - ဗုံမ - ဗုံး ဗြုန်း ဗြုံး ဘုဉ်း ဘုန်း - ဘုန်းတ - ဘုမ် ဘုံ - ဘုံင - ဘုံပိုင် - မုဉ် မုန် - မုန်လ - မုန်အ မုန့် - မုန့်စ - မုန့်န - မုန့်ဖ မုန့်ဗ - မုန့်လ မုန့်ဝ - မုန့်အ မုန်း မုံ မြုန့် မြုံ မြုံ့ မှုန် မှုန်က - မှုန့် မှုန်း မှုံ မြှုံး ယုန် ယုံ ယုံ့ ရုန့် ရုန်း ရုံ - ရုံခ - ရုံး - ရုံးတ - ရုံးပ - ရှုံ့ ရှုံး လုံ လုံက - လုံမ - လုံ့ လုံး လုံးက - လုံးခ - လုံးတ - လုံးပ - လုံးရ လုံးလ - လှုံ လှုံ့ ဝုန်း သုဉ် သုဉ်း သုန် သုန့် သုံ သုံ့ သုံး သုံးစ - သုံးထ - သုံးပ သုံးဖ - သုံးရ သုံးလ- သုံးအ ဟုန် ဟုန်း ဟုံ ဟုမ်း ဟုံး ဥဏ် အုန်း - အုန်းဆ - အုန်းန - အုန်းပ အုန်းဖ - အုန်းရ အုန်းလ - အုန်းအ ဥမ် အုံ ဥုံ အုံ့ အုံး sounds like ဥုံး Back to Dictionary Main Menu-
ဘုံ | bone2; bone2

(1) bone2 - realm; plane of existence. In ဗုဒ္ဓဘာသာ | boat-da1 ba2-dtha2 - Buddhism, there are သုံးဆယ့်တစ်ဘုံ | thone3 zeare1 ta1-bone2 - 31 planes of existence.
(2) bone2 - အများသုံးပစ္စည်း | a-mya3-thone3 pyit-si3 - public property.
(3) bone2 - အထပ် | a-htut - level in ပြာသာဒ် | pyut-thut - multitiered roof with pagoda-like sharp points.
(4) bone2 - အများပိုင်၊ အများသုံး | a-mya3-bine2, a-mya3-thone3 - communal; common.
-
ဘုံကထိန် | bone2 ka1-htain2 - ဘုန်းကြီးကျောင်းများကို လှူဒါန်းခြင်း | pfone3-ji3-kjoun3 mya3 go2 hlu2-dun3-jin3 - offering to monasteries by ရပ်ကွက်၊ ကျေးရွာနေ ပြည်သူများ၏ စုပေါင်းလှူဒါန်းမှု | yut-kwet kjay3-ywa2 nay2 pyi2-dthu2 mya3 e1 su1-poun3 hlu2-dun3-hmu1 - public donation during ကထိန် | ka1-htain2 - Kathina festival (ˈfe-stə-vəl 🔊).
-
ဘုံကျောင်း | bone2-joun3 - (1) တရုတ်ဘုံကျောင်း | ta1-yoat bone2 joun3 - Chinese communal temple (kəˈmjunl ˈtɛmpəl 🔊). (2) တရုတ်လူမှုရေး အဖွဲ့အစည်း အဆောက်အအုံ | ta1-yoat lu2-hmu1-yay3 a-pfweare1 a-si3 a-hsout a-ome2 - Chinese fraternity at the communal temple. [Also ဘုံအိမ် | bone2-ain2.]
-
ဘုံကျွန် | bone2-joon2 - (1) အများပိုင်ကျွန် | a-mya3-bine2 kjoon2 - a slave of many masters. (2) အခိုင်းကဲ့သို့ အလုပ်လုပ်ရသော အလုပ်သမား | a-khine3 keare1-dtho1 a-loat loat ya1 dthau3 a-loat tha1-ma3 - a low level employee who has to serve everyone.
